Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

24 Aug,2022

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း

၁။      ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    စီးပွားရေးသိပ္ပံဘွဲ့(စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ)

                        B.BSc(Accounting & Finance)

            (ခ)     စီးပွားရေးသိပ္ပံဘွဲ့(အသုံးချစာရင်းအင်းပညာ)

                        B.BSc(Applied Statistics)

          (ဂ)     စီးပွားရေးသိပ္ပံဘွဲ့(ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)

                        B.BSc(Marketing Management)

          (ဃ)    စီးပွားရေးသိပ္ပံဘွဲ့(ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)

                        B.BSc(Regional Development)

            (င)     စီးပွားရေးသိပ္ပံဘွဲ့(လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)

                   B.BSc(Social Enterprise Management)                                

၂။       သင်တန်းကာလမှာ (၄)နှစ်ဖြစ်ပါသည်။

၃။      အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။

၄။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။      လျှေက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-     

          (က)    တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း                         ထောက်ခံစာမူရင်း

          (ခ)     အမှတ်စာရင်းမူရင်း

          (ဂ)     ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ

          (ဃ)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၆။      ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်ရုံး များမှတဆင့်ပေးပို့၍ဖြစ်စေ၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာ ဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။

၇။      လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် (၂၅.၈.၂၀၂၂)ရက်နေ့မှ (၃၀.၉.၂၀၂၂) ရက်နေ့ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။

၈။      တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၉။      အသေးစိတ်သိလိုသောအချက်အလက်များကို ဝန်ကြီးရုံး website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website www.ucms.edu.mm နှင့် Facebook Page: University of         Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ်   072-2023015 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm