Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချမည့်ပစ္စည်းများအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်းကြေညာခြင်း

03 Jun,2022

၁။               သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဌာနပိုင်စာရင်းမှ ပယ်ဖျက်ခွင့်ရရှိပြီး ဖြစ်သော အောက်ဖော်ပြပါပစ္စည်းများအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါသည်-                                                                                                                                                                                    

စဉ်

ပစ္စည်းအမျိုးအမည်

အရေအတွက်

လက်နှိပ်စက်

(၁)လုံး

စာကူးစက်(ကြီး)

(၁)လုံး

စာကူးစက်(သေး)

(၁)လုံး

Colour Printer (၄)လုံး

(၄)လုံး

TV

(၂)လုံး

12 V Battery

(၅)လုံး

Hard Disk

(၁)လုံး

Stand Fan

(၁)ခု

Air Cooler

(၁)လုံး

၁၀

အဝတ်လျှော်စက်

(၁)လုံး

၁၁

ကျောက်စက်

(၁)လုံး

၁၂

Sky Net

(၁)လုံး

၁၃

မီးအားမြှင့်စက်

(၁)လုံး

၁၄

မြက်ဖြတ်စက်(လွယ်)

(၁)လုံး

၁၅

မိုးကာတဲ

(၁)လုံး

၁၆

စားပွဲတင်တင်းနစ်ခုံ(သစ်သား)

(၁)ခု

၁၇

လှက်ဝှေ့ထိုးအိတ်

(၁)ခု

၂။               ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည့်လျှောက်လွှာပုံစံများကို (၁-၆-၂၀၂၂)ရက်နေ့မှ (၃၀-၆- ၂၀၂၂) ရက်နေ့ထိ နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအတွင်း သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ စီမံဌာနခွဲထံ လာရောက်ထုတ်ယူနိုင်ပြီး (၁-၇-၂၀၂၂)ရက်နေ့တွင် ဝယ်ယူမည့် ပစ္စည်းတန်ဖိုး စာရင်းအား စာအိတ်ဖြင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ စီမံဌာနခွဲသို့ ပေးပို့ရမည် ဖြစ်ပါသည်။

၃။              (၂ - ၇ - ၂၀၂၂)ရက်နေ့၊ နေ့လယ်(၀၃:၀၀)နာရီအချိန်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း(၀၇၂-၂၀၂၂၉၅၉)သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး ပစ္စည်းများအား မျက်မြင်လာရောက်ကြည့်ရှုနိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

 

ဌာနပိုင်စာရင်းမှ ပယ်ဖျက်/ထုခွဲရောင်းချရေးအဖွဲ့

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်