Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Free Online Certificate Courses များဖွင့်လှစ်မည်

04 May,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန်၊ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရန်နှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများနှင့် တတ်သိနားလည်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် အောက်ပါ Free Online Certificate Courses များကို ၁၂.၅.၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည် -

  • Certificate in Business Law

      Link; https://forms.gle/at6hi7o9RYmGKUuEA

  • Certificate of Proficiency in Business English

           Link; https://forms.gle/vS7tkQoeBycokfuB7

  • Certificate in Entrepreneurship and Business Management

           Link; https://forms.gle/QDqWkDmCDU1xTJbF6

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ Link များမှတစ်ဆင့် Google Form ဖြင့် ဖြည့်စွက်ပြီး ၁၀.၅.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

 

 

 

 




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm