Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၌ နေ့သင်တန်းများဖွင့်လှစ်ကြောင်း ကြေညာခြင်း

27 Apr,2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ကြေညာချက်

နေ့သင်တန်းများဖွင့်လှစ်ကြောင်းကြေညာခြင်း

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် အောက်ဖော်ပြပါသင်တန်းများအား ၂၀၂၂ခုနှစ်၊ မေလ(၁၂)ရက်နေ့ မှစတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်-

          (၁)     ၂၀၁၉-၂၀၂၀ ပညာသင်နှစ်

                    (က)    ပထမနှစ်သင်တန်း(ဒုတိယနှစ်ဝက်) 

                    (ခ)     ဒုတိယနှစ်သင်တန်း(ဒုတိယနှစ်ဝက်)

          (၂)      ၂၀၂၁-၂၀၂၂ ပညာသင်နှစ်

                    (က)   ပထမနှစ်သင်တန်း(ပထမနှစ်ဝက်)၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ

                    (ခ)     စတုတ္ထနှစ်သင်တန်း(ပထမနှစ်ဝက်)(၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက် တက်ရောက်ရန်ကျန်ကျောင်းသား/ကျောင်းသူများ အပါအဝင်)

                    (ဂ)     မဟာတန်းပထမနှစ်(ဒုတိယနှစ်ဝက်)

                    (ဃ)    မဟာတန်းဒုတိယနှစ်(ဒုတိယနှစ်ဝက်-ကျမ်းပြု)

          နေ့သင်တန်းများအားလုံး၏ ကျောင်းဖွင့်လှစ်မည့်အစီအစဉ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း(ပထမနှစ်ဝက်)ဝင်ခွင့်ရ ကျောင်းသား/ကျောင်းသူများစာရင်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website (mcrd.gov.mm) နှင့် တက္ကသိုလ် Facebook Page University of Co-operative and Management,Sagaing  Website (ucms.edu.mm) တို့ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ကျောင်းဖွင့်လှစ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ်အချက် အလက်များအား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ မော်ကွန်းထိန်း (ကျောင်းသား ရေးရာဌာနခွဲ) ဖုန်းနံပါတ် ၀၇၂-၂၀၂၃၀၁၅သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းကြေညာအပ်ပါသည်။

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

 




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm