Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နောက်ခံသမိုင်းအကျဉ်းချုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အား(၇-၆-၂၀၁၂)ရက်နေ့တွင်နယ်စပ်ရေးရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်၌ ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း(၁၀၅)နေရာ၊ အမှုထမ်း(၂၉၁)နေရာ၊ စုစုပေါင်း(၃၉၆)နေရာဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ (၁၁-၇-၂၀၁၃)ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၂/၂၀၁၃) သဘောတူခွင့်ပြုချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်(၁၄)ရုံး၊ ခရိုင်(၆၀)ရုံး၊ မြို့နယ်(၂၈၃)ရုံး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာတို့ကို ဖွဲ့စည်းပုံခွင့်ပြုအင်အား အရာထမ်း(၁၀၄၇)နေရာ၊ အမှုထမ်း(၁၀,၄၂၆) နေရာ၊ စုစုပေါင်း(၁၁၄၇၃)နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ (၉-၈-၂၀၁၃) ရက်နေ့တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ လည်းကောင်း၊ (၃၁-၃-၂၀၁၆)ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ (၁-၉-၂၀၁၇)ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်၌ အသစ်ဖွဲ့စည်းသည့် ကျေးလက်လမ်းဦးစီးဌာနသို့ အရာထမ်း(၁၅၁)ဦး၊ အမှုထမ်း(၄၃၄)ဦး၊ စုစုပေါင်း(၅၈၅)ဦး အားလွှဲပြောင်းပေးခဲ့ပါသည်။ (၁-၈-၂၀၁၉)ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာကို အရာထမ်း(၈)ဦး၊ အမှုထမ်း(၇၈)ဦး၊ စုစုပေါင်းဝန်ထမ်း(၈၆)ဦးဖြင့် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။ (၂-၄-၂၀၂၀)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်/တိုင်းဒေသကြီး(၁၇)ရုံး၊ ခရိုင်(၇၃)ရုံး၊ နာဂဒေသရုံး (၁)ရုံး၊ မြို့နယ် (၂၉၁)ရုံးတို့ကို ခွင့်ပြုအင်အား အရာထမ်း(၁,၃၇၉)နေရာ၊ အမှုထမ်း (၉,၁၃၅)နေရာ၊ စုစုပေါင်း (၁၀,၅၁၄)နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ (၁၇-၆-၂၀၂၁)ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm