Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း

28 Jun,2022

၁။           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဝန်ကြီးဌာနတင်ဒါကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက် ၁/ ၂၀၂၂ နှင့်အညီ  ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့်တက္ကသိုလ်များတို့၏ တင်ဒါလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တွေ့ကြုံရသောအခက်အခဲများ ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ “ ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း ” (Public Feedback Program) အစီအစဉ်တွင် တင်ဒါလုပ်ငန်းများတွင်ပါဝင် ဆောင်ရွက် ခဲ့သည့် ကုမ္ပဏီ/ အဖွဲ့အစည်းများမှ အောက်ဖော်ပြပါမေးခွန်းများကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်-

              (က)    ဌာနသို့လာရောက်စဉ် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ကျေနပ်မှုရှိပါသလား၊

              ( ခ )   လုပ်ငန်းဆောင်ရွက်ရာတွင် အခက်ခဲ၊ အဆင်မပြေမှု ရှိပါသလား၊

              ( ဂ )   စာရွက်စာတမ်း၊ ငွေသွင်း/ငွေထုတ် အဆင်ပြေမှု ရှိပါသလား၊

              (ဃ)    ဝန်ထမ်းများအား တံစိုးလက်ဆောင် တစ်စုံတစ်ရာ ပေးအပ်ရခြင်း ရှိပါသလား၊

              ( င )   တင်ဒါကိစ္စလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ထပ်မံအကြံပြုချက်များ ရှိပါသလား ။

၂။            ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဖြေကြားချက်များကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဖုန်းအမှတ် ၀၆၇- ၄၁၀၀၃၁ သို့လည်းကောင်း၊ e-mail လိပ်စာ policy@mcrd.gov.mm သို့လည်းကောင်း ဆက်သွယ်၍ဖြေကြားချက်များကို ပြန်လည်ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

တင်ဒါကော်မတီ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm